စက်ဝိုင်းတစ်ခု၏ အဝန်းပိုင်းကိုတွက်ချက်ရာတွင် [math]S=r\theta[/math] ညီမျှခြင်းဖြင့်တွက်ချက်နိုင်သည်။ ထိုအတူ အဝန်းပေါ်ရှိအမှတ်နှင့်ဆက်သွယ်နေသည့် x နှင့် y တန်ဖိုးများကိုမူ တြီဂိုအချိုးများဖြင့်ပြန်လည်ရယူရသည်။ [math]x=rcos\left(\theta\right)[/math] နှင့် [math]y=rsin\left(\theta\right)[/math] ကိုအသုံးပြု၍တွက်ချက်နိုင်သည်။ x နှင့် y တန်ဖိုးများမှတဆင့် r နှင့် [math]\theta[/math]ပြန်လည်တွက်ချက်လိုပါက ပိုက်သာဂိုရသီအိုရမ်ဖြင့် တွက်ချက်ပေးရမည်ဖြစ်သည်။